လှည်းကူးမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထုတ်​ပေး

လှည်းကူး မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ရှိသူများက ဆောင်ရွက်ပေးသည်။

ထိုသို့ပေးအပ်ရာတွင် လှည်းကူးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၇၁၈)ဦးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တစ်နှစ်စာ ငွေကျပ်သိန်းပေါင်း ၆၁၃၂၀၀၀၀ ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက လူမှုရေးပင်စင်များကို ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။

လှည်းကူးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၇၁၈ ဦးရှိရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ၁၄-၁-၂၀၂၅ မှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထုတ်ပေးလျက်ရှိရာ ကျန်ရှိနေသောဘိုးဘွာများကိုလည်း ၁၉-၃-၂၀၂၅ ရက်နေ့အထိ  ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူထံကသိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)