သာကေတ မတ် ၄
ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား၊ ကျောင်းသူများ၊ အသိပညာဗဟုသုတရရှိစေရန်၊ ယဥ်ကျေးလိမ္မာသော သားကောင်းရတနာများ ဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံယဥ်ကျေးလိမ္မာ (အခမဲ့) သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ။
ထိုသို့ဖွင့်လှစ်ရာတွင် ဦးစွာ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဆရာမ ဒေါ်နွဲ့မှုစိန်က သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များအလိုက် သင်ကြားပို့ချမည့်သင်ခန်းစာများနှင့် ပတ်သက်၍ မိတ်ဆက်ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ သာကေတမြို့နယ်အတွင်းရှိ အခြေခံမူလတန်းကျောင်း (၆) ကျောင်း ပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကို မတ်လ ၃ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ၉ ရက်တာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
သဲထက်ဇင် (ပြန်/ဆက်)