သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲဖြေဆို

သံဖြူဇရပ် မတ် ၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade(5) နှင့် အလယ်တန်းအဆင့် Grade(9) များအတွက် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုခဲ့ကြသည်။

ယင်းသို့ဖြေဆိုရာတွင် Grade (5) ဖြေဆိုရန်စာစစ်ဌာန (၁၉) ခုရှိပြီး ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၄၇၈၃) ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၄၆၀၂) ဦး၊ ပျက်ကွက်သူ (၁၈၁) ဦးရှိကြောင်းနှင့် အလယ်တန်းအဆင့် Grade (9) ဖြေဆိုရန်စာစစ်ဌာန (၁၀) ခု ရှိပြီးဖြေဆိုရန် စာရင်းရှိသူ (၂၈၃၉) ဦးရှိပြီး၊ ဝင်‌ရောက်ဖြေဆိုသူ (၂၇၄၈) ဦး၊ ပျက်ကွက်သူ (၉၁) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)