ဒဂုံမြို့သစ်(မြောက်ပိုင်း) မတ် ၃
လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ)၌ ကျင်းပသည်။
သင်တန်းကို နိုင်ငံတော်၏ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ MSME ဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်၊ အိမ်တွင်းမှုလုပ်ငန်းများတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ကျင်းပခြင်းဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ သင်တန်းနည်းပြဆရာ(၂)ဦးတို့မှ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးနိုင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့အထိ ( ၅ )ရက်တာကာလ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ