မြောက်ဥက္ကလာပ မတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ (Grade-5)နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများ နောက်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန် သက်ဆိုင်ရာကျောင်းများတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြောက်ဥက္ကလာပမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် (Grade-5) မူလတန်းအဆင့် နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန ၃၈ ခုဖွင့်လှစ်၍ စာရင်းရှိ ကျောင်းသား (၂၀၄၇)ဦးနှင့် ကျောင်းသူ (၂၀၃၄)ဦး စုစုပေါင်း (၄၀၈၁)ဦး ရှိသည့်အနက် ယနေ့ မြန်မာစာဘာသာအား လာရောက်ဖြေဆိုသူ ကျောင်းသား(၂၀၁၃)ဦးနှင့် ကျောင်းသူ(၂၀၁၀)ဦး စုစုပေါင်း(၄၀၂၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုရန်ပျက်ကွက်သူ စုစုပေါင်း (၅၈)ဦး ပျက်ကွက်ခဲ့ကြသဖြင့် ပျက်ကွက် (၂)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြောက်ဥက္ကလာပမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် အလယ်တန်းအဆင့် (Grade-9) နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန ၁၇ ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ မြန်မာစာဘာသာအား လာရောက်ဖြေဆိုသူ ၂၉၈၈ ဦးရှိပြီး ပျက်ကွက်မှာ ၃၂ ဦးဖြစ်ကြောင်းနှင့် ပျက်ကွက်မှာ (၁)ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)