ကျိုက်မရော မတ် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade 9 တန်းခွဲများ၏ နှစ်ဆုံးစာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက အ.ထ.ကကျိုက်မရောနှင့် သက်ဆိုင်ရာကျောင်းများ၌ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အတွင်း၌ Grade-5 ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၂၈၅၅)ဦး၊ ပျက်ကွက်သူ(၉၇)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၆.၇၁ ရာခိုင်နှုန်းနှင့် ပျက်ကွက်မှုရာခိုင်နှုန်း ၃.၂၉ ရှိကြောင်းသိရသည်။
Grade-9 ဖြေဆိုမှုတွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၁၀၆၇ ဦးရှိပြီး ဖြေဆိုသူ ၁၀၃၄ ဦး၊ ပျက်ကွက်သူ ၃၃ ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၆.၉၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အဆိုပါ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ များကို မတ်လ ၃ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိူမြတ်မြတ်ထွေး (ကျိုက်မရော)