ပေါင် မတ် ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် Grade (5) နှင့် အလယ်တန်းအဆင့် Grade (9) များအတွက် နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက မြန်မာစာဘာသာရပ် စတင်ဖြေဆိုခဲ့ကြသည်။
ထိုသို့ဖြေဆိုရာတွင် Grade (5) ဖြေဆိုရန်စာစစ်ဌာန (၂၇) ခု သတ်မှတ်ထားပြီး ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၈၆၇) ဦးတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၁၈၅၆) ဦး၊ ပျက်ကွက်သူ (၁၁၀) ဦးရှိကြောင်း၊ အလယ်တန်းအဆင့် Grade (9) ဖြေဆိုရန်စာစစ်ဌာန (၁၁) ခု သတ်မှတ်ထားပြီးဖြေဆိုရန်စာရင်းရှိ (၁၆၈၆) ဦးမှ ဝင်ရောက်ဖြေဆိုသူ (၁၆၄၉) ဦးနှင့် ပျက်ကွက်သူ (၃၇) ဦးရှိကြောင်းနှင့် ၎င်းဖြေဆိုနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)