ဘီးလင်းမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

ဘီးလင်း မတ် ၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအားကစားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့မ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်က သင်တန်းများဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

နွေရာသီ အားကစားသင်တန်းတွင် မြန်မာ့သိုင်း၊ ဘောလုံး၊ လက်ဝှေ့ အားကစားနည်းသုံးမျိုးကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၇ ဦးတို့က မတ်လ ၃ ရက်နေ့မှ ၂၁ ရက်နေ့ အထိ သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ နွေရာသီအားကစားသင်တန်းသို့ ဘီးလင်းမြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)‌