အသက်(၂)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး အရှိန်အဟုန်မြှင့်တင်တိုက်ကျွေး

လှိုင်သာယာ(အနောက်ပိုင်း) မတ်လ ၃

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးဌာနမှ ပိုလီယို(အရိုင်းပိုး)ကင်းစင်ပပျောက်ခြင်းအား ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရေးအတွက် ရွှေ့ပြောင်းလူဦးရေများပြားသည့် တိုင်းဒေသကြီး(၄)ခုရှိ အသက်(၂)လမှ (၅)နှစ့်အတွင်း ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချ)တိုက်ကျွေးခြင်းကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စုရပ်အလိုက် (၂၇.၂.၂၀၂၅)နေ့မှ စတင်၍ ၃ -၃-၂၀၂၅ ရက်နေ့ထိ တိုက်ကျွေးသည်။

အဆိုပါ ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချ)တိုက်ကျွေးခြင်းကို မြို့နယ်​ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr စန်းမာဦးဆောင်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ၊ ရပ်ကွက်ပရဟိတ စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြပြီး ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချ)တိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးကြသည်။

ပိုလီရောဂါကာကွယ်ဆေး(အစက်ချ)တိုက်ကျွေးခြင်းကို (၂၇.၂.၂၀၂၅)နေ့မှ (၃.၃.၂၀၂၅)နေ့ထိ ရှိန်အဟုန်မြှင့်တင်တိုက်ကျွေးလျက်ရှိရာ ယနေ့ထိ ကလေး(၂၀၀၂၁)ဦးကို တိုက်ကျွေးနိုင်ခဲ့ပြီး ဒုတိယအကြိမ် တိုက်ကျွေးခြင်းကို  (၂၀၂၅ ခု မတ်လ စတုတ္တအပတ်တွင် အရှိန်အဟုန်မြှင့်တင် ဆက်လက်တိုက်ကျွေးကာ ကလေးငယ် (၂၅၅၆၉)ဦးထိ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်သန်း(ပြန်/ဆက်)