မိုင်းခုတ် မတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် Grade-5 နှင့် Grade-9 နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုကြကြောင်း သိရသည်။
မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်းအဆင့် Grade-5 မှ ဖြေဆိုသူ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၄၉)ဦး၊ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၄၆)ဦး၊ ပျက်ကွက်သူ (၃)ဦးရှိပြီး Grade-9 မှ ဖြေဆိုသူစာရင်းရှိ ကျောင်းသား/ကျောင်းသူပေါင်း (၂၅)ဦး၊ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၂၄)ဦး၊ ပျက်ကွက်သူ (၁)ဦးရှိပြီး Grade(5)နှင့် Grade(9)ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၇၀)ဦးရှိပြီး မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေကြကြောင်း ကြီးကြပ်ရေးမှူးဆရာမ ဒေါ်ဟေမာထွန်းထံမှ သိရသည်။
အောင်လွင်ဌေး (ပြန်/ဆက်)