သုံးခွမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပညာသင်နှစ် Grade-5 ၊ Grade-9 နှစ်ဆုံးစာ‌မေးပွဲ ဖြေဆို

သုံးခွ မတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၅ ခုနှစ်ပညာသင်နှစ် မူလတန်းဆင့် Grade-5 အလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာ‌မေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုသည့်ပထမနေ့၌ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကြောင်း သိရသည်။

ခရိုင်အဆင့်စစ်ဆေးသော အခြေခံပညာမူလတန်းအဆင့် Grade-5 တွင် စာစစ်ဌာန(၂၂)ခု၌ စာရင်းရှိ၊ (၂၃၈၃)ဦး၊ ဖြေဆိုသူ(၂၃၄၀)ဦးရှိသဖြင့် ဖြေဆိုသူရာခိုင်နှုန်း(၉၈ ဒသမ ၂၀)ဖြစ်ပြီး တိုင်းဒေကြီးအဆင့်စစ်ဆေးသော Grade-9 တွင် စာစစ်ဌာန(၁၅)ခု၌ စာရင်းရှိ(၂၄၉၂)ဦး၊ ဖြေဆိုသူ(၂၄၈၃)ဦးဖြစ်ပြီး ဖြေဆိုသူရာခိုင်နှုန်း( ၉၉ ဒသမ ၄၀)ရှိကြောင်း သိရသည်။

Grade-5 စာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့ထိ(နံနက် ၉ နာရီမှ ၁၀း၃၀)နှင့် Grade-9 စာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့ထိ (နံနက် ၉ နာရီမှ ၁၁ နာရီထိ)ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရပြီး စာမေးပွဲဖြေဆိုရာစာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့အဆင်ပြေစွာဖြေဆိုနိုင်ရန် သက်ဆိုင်ရာစာ‌မေးပွဲကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများက  ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စည်သူလင်း