အင်းစိန် မတ် ၃
ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား ကျောင်းပိတ်ရက်ကာလအချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်အတွက် အခြေခံကွန်ပျူတာ စာစီ၊ စာရိုက်နှင့် အခြေခံပန်းချီပညာသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ လူထုအခြေပြုဗဟိုဌာနခန်းမတွင် အခြေခံကွန်ပျူတာစာစီစာရိုက်သင်တန်းကို တစ်လကြာနှင့် အခြေခံပန်းချီပညာသင်တန်းကို နှစ်ပတ်ကြာ သင်တန်းနည်းပြနှစ်ဦးတို့မှ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး အခြေခံကွန်ပျူတာ စာစီ၊ စာရိုက်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးနှင့် အခြေခံပန်းချီပညာ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးတို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်တန်းနည်းပြ ပန်းချီပညာရှင် ဦးသက်တင်၊ မြို့နယ်အမျိုး သမီးရေးရာဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်ဆက်)