ပင်းတယ မတ် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကြေးတွင်းကုန်းကျေးရွာ၊ ဒရယ်အင်းကျေးရွာ၊ ကူးကော်ကျေးရွာနှင့် စံသီးကုန်းကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနဲ့ပတ်သက်၍ ယမန်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလွင်ဖြိုး၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း လမ်းအရှည်မှာ(၀/၄မိုင်)၊ အကျယ် (၁၆) ပေ၊ ဒု (၁၄) လက်မရှိပြီး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ (၉၂ ဒသမ ၇၃၁) ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး၊ လမ်းပြီးစီးမှုမှာ (၁၀၀) ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)