ကိုကိုးကျွန်း မတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲGrade(5)၊ Grade(9)ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က ဖြေဆို ကြောင်းသိရသည်။
ကိုကိုးကျွန်းမြို့နယ် စာစစ်ဌာနတွင် (၂၀၂၄-၂၀၂၅)ပညာသင်နှစ်၏ (Grade-5 နှင့် Grade-9) နှစ်ဆုံးစာမေးပွဲ ဖြေဆိုခွင့်ရှိသူ(၃၂)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၃၂)ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား/ ကျောင်းသူမရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၁၀၀)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုးကျွန်းမြို့နယ်အခြေခံပညာကျောင်းတွင် ကျင်းပလျက်ရှိသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ (Grade-5 နှင့် Grade-9)နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုးကျွန်း(ပြန်/ဆက်)