တပ်ကုန်း မတ် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်အတွင်းရှိ နွားအချို့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရပ်ကွက်ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဌေးထိုက်က ကြီးကြပ်ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါက်တာ ထွန်းလင်းပိုင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့်တာဝန်ရှိသူများက ရပ်ကွက်အတွင်းမှ ဆုံးရှုံးခဲ့သည့် နွားပိုင်ရှင် (၂၈) ဦးအတွက် အထီး/အမ နွားကောင်ရေ စုစုပေါင်း (၁၆၀) ကောင်အား ပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်