သထုံ မတ် ၃
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ Grade - 9 နှင့် Grade - 5 ကျောင်းသား/ကျောင်းသူတို့အား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယနေ့နံနက်က စတင်ကျင်းပရာ ပထမစာဖြေနေ့အဖြစ် မြန်မာစာဘာသာရပ်ကို စာဖြေဌာနအသီးသီးတို့၌ အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
သထုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ Grade - 9 စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်း ထားသူပေါင်း ၁၇၀၂ ဦး၊ ဖြေဆိုသူ ၁၆၄၁ ဦး၊ ပျက်ကွက် ၆၁ ဦး၊ Grade - 5 ဖြေဆိုရန်စာရင်းသွင်းသူ ၃၈၁၁ ဦး၊ ဖြေဆိုသူ ၃၆၉၅ ဦး၊ ပျက်ကွက် ၁၁၆ ဦးရှိကြောင်း စာမေးပွဲဖြေဆိုနေစဉ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က စာစစ်ဌာနများ၌ ကျောင်းသား/ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာမေးပွဲစစ်ဆေးရာတွင် Grade - 9 စစ်ဆေးခြင်းအား သထုံမြို့နယ်အတွင်းရှိ စာဖြေဌာန ၁၀ ခုနှင့် Grade - 5 စစ်ဆေးခြင်းအား စာဖြေဌာနပေါင်း ၂၉ ခုတို့၌ မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)