မိုင်းတုံ မတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်တုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများစုပေါင်း၍ သင်္ကြန်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ယခင်နှစ်ကသင်္ကြန်မှာ ကြုံတွေ့ခဲ့တာလေးတွေရှိခဲ့တဲ့အတွက် ယခုနှစ်မှာမဖြစ်ရအောင် ကြိုတင်ပြီးညှိနှိုင်းရခြင်းဖြစ်ကြောင်း၊ ဒီပွဲသည် ဌာနဆိုင်ရာပဲတစ်သီးတခြားတည်းလုပ်သည့်ပွဲမဟုတ်၊ ပြည်သူနဲ့ဌာနဆိုင်ရာပူးပေါင်းပြီး မိမိဒေသစည်စည်ကားကားနဲ့ လွတ်လပ်စွာပျော်ပါးနိုင်အောင်စီစဉ်ဆောင်ရွက်တဲ့ပွဲဖြစ်သည့်အတွက် အားလုံးပါဝင်စေချင်ကြောင်း၊ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီကတော့ ယခင်နှစ်ပါတဲ့သူတွေပြောင်းရွေ့သွားတဲ့အတွက် ကော်မတီကိုအစားထိုးဖွဲ့ထားပြီး လိုအပ်လျှင်ထပ်ဖြည့်သွားနိုင်ကြောင်း၊ တည်ဆောက်ရေးကော်မတီကလုပ်အပ်ချက်များ ပြန်လည်းစုဆောင်ထားနိုင်ရေး၊ အဓိကသည်ပရိတ်သတ်တည်ငြိမ်အောင်ပြန်ကြားရေးနှင့် ဖျော်ဖြေရေးဆက်ကော်မတီကဖျော်ဖြေရေးတွင် ပါဝင်မဲ့အကအဖွဲ့များကို မည်သို့စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကျန်ကော်မတီများကလည်း ကော်မတီအလိုက်ဆောင်ရွက်ထားရှိမှုနှင့် မိမိတို့လုပ်ဆောင်ရမည့်လုပ်ငန်းတွင်အခက် အခဲရှိပါကတင်ပြနိုင်ကြောင်း၊ သင်္ကြန်ပွဲကိုစည်စည်ကားကားဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်အောင် ဆက်ကော်မတီတစ်ဖွဲ့ချင်းရဲ့လုပ်ဆောင်မှုကအဓိကဖြစ်ကြောင်း၊ အားလုံးပူးပေါင်းပြီးစည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နဲ့အခက်အခဲမရှိပဲအောင်မြင်စွာ ပြီးမြောက်စေလိုကြောင်း၊ လိုအပ်သည့်အခက်အခဲများကိုတင်ပြမှသာ လိုအပ်တာဖြည့်စည်းပေးနိုင်မှာဖြစ်သည့်အတွက် တင်ပြကြရန်ပြောကြားပြီးနောက် တက်ရောက်လာသည့် ယခင်ဖွဲ့စည်းထားသည့်ကော်မတီအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)