ချောင်းဆုံ မတ် ၃
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့်(Grade-9)ပညာသင်ယူနေသည့် ကျောင်းသား/သူများ၏ နှစ်ဆုံးစာမေးပွဲကြီး(ပထမ)နေ့ကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် အေးချမ်းစွာဖြေဆိုလျက်ရှိရာ မော်လမြိုင်ခရိုင် အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ(ပထမ)နေ့တွင် မြို့နယ်ရှိအခြေခံပညာမူလတန်းဆင့်(Grade-5)ဖြေဆိုမှုအား စာစစ်ဌာန(၂၄)ခုတွင် ကျောင်းသား(၁၀၈၅)ဦး၊ ကျောင်းသူ(၁၁၀၃)ဦး စုစုပေါင်း(၂၁၈၈)ဦး ဝင်ရောက်ဖြေဆိုကြပြီး အခြေခံပညာ အလယ်တန်းဆင့်(Grade-9)ဖြေဆိုမှုအား စာစစ်ဌာန(၁၆)ခုတွင် ကျောင်းသား(၄၃၃)ဦး၊ ကျောင်းသူ(၇၁၀)ဦး စုစုပေါင်း(၁၁၄၃)ဦးမှ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၁၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းမှ ကျောင်းသား/သူများ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)