မဟာအောင်မြေမြို့နယ်၌ ပိုလီယိုကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေး

မဟာအောင်မြေ မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ပိုလီယိုကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပိုလီယိုကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်၍ အသက် (၂) လမှ (၅၉) လအရွယ်အတွင်း ကလေးငယ်များအားလုံးကို ပိုလီယိုကာကွယ်ဆေး (အစက်ချဆေး) အား မတ်လပထမပတ်နှင့် ဧပြီပထမပတ်များတွင် (၂) ကြိမ်တိုင် ရပ်ကွက်များ အလိုက် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်ဇော်မင်း