ငါန်းဇွန် မတ် ၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများသည် နှစ်ဆုံးစာမေးပွဲကို တစ်ရက်လျှင် တစ်ဘာသာဖြင့် (၆) ဘာသာဖြေဆိုရမည်ဖြစ်ပြီး ယနေ့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ အေးချမ်းစွာ စားမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)