ရမည်းသင်း မတ် ၃
ရမည်းသင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade5/9 အတန်းနှစ်ဆုံးစာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာကို အခြေခံပညာကျောင်းအသီးသီး၌ ယနေ့နံနက် ၉ နာရီကစတင်ဖြေဆိုလျက်ရှိသည်။
အဆိုပါစာမေးပွဲကို ရမည်းသင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ရှိ Grade-5 စာဖြေဌာန(၃၉)ခုတွင် စာရင်းရှိ ကျောင်းသား (၁၈၇၇)ဦး၊ ကျောင်းသူ (၁၈၇၁)ဦး၊ စုစုပေါင်း(၃၇၄၈)ဦးရှိရာ ဖြေဆို ကျောင်းသား(၁၈၃၅)ဦး၊ ကျောင်းသူ(၁၈၄၄)ဦး၊ စုစုပေါင်း(၃၆၇၉)ဦး၊ ဖြေဆိုရာခိုင်နှုန်း ၉၈.၁၆ နှင့် Grade-9 စာဖြေဌာန (၂၄)ခုတွင် စာရင်းရှိ ကျောင်းသား(၁၄၄၂)ဦး၊ ကျောင်းသူ(၁၅၁၈)ဦး၊ စုစုပေါင်း(၂၉၆၀)ဦး၊ ဖြေဆိုကျောင်းသား(၁၃၉၁)ဦး၊ ကျောင်းသူ(၁၄၇၁)ဦးပေါင်း (၂၈၆၂) ဦး၊ ဖြေဆို ရာခိုင်နှုန်း ၉၆.၆၉ ရှိကာ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲအေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)