ကန့်ဘလူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 အစိုးရစစ်စာမေးပွဲ စတင်ဖြေဆို

ကန့်ဘလူ မတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade- 5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade- 9 အစိုးရစစ်စာမေးပွဲများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် မတ် ၃ ရက်နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် ကန့်ဘလူမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် Grade- 5 အစိုးရစစ်စာမေးပွဲတွင် စာရင်းရှိ ကျောင်းသားကျောင်းသူ ၂၄၈ ဦး ရှိပြီး ဖြေဆိုသူကျောင်းသား ၁၁၇ ဦး၊ ကျောင်းသူ ၁၂၆ ဦး ဖြေဆိုပျက်ကွက်သူ ကျောင်းသား ၃ ဦးနှင့် ကျောင်းသူ ၂ ဦးရှိကြောင်းနှင့် Grade- 9 စာမေးပွဲတွင် ကျောင်းသားကျောင်းသူ ၃၈၅ ဦးရှိပြီး ကျောင်းသား ၁၈၅ ဦး၊ ကျောင်းသူ ၁၈၃ ဦးဖြေဆို၍ ပျက်ကွက်သူ ကျောင်းသား ၁၁ ဦးနှင့်ကျောင်းသူ ၇ ရှိကြောင်း အ.ထ.က (၁) ကန့်ဘလူမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)