မိုင်းယု မတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် Grade-5 နှင့် Grade-9 နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲကို ယနေ့နံနက်ပိုင်းကစတင်၍ အ.ထ.က-မိုင်းယု စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုနေကြသည်။
မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းများဖြစ်သည့် မူလတန်းအဆင့် Grade-5 ပဉ္စမတန်းမှ ကျောင်းသား၊ ကျောင်းသူ(၂၆)ဦးနှင့် အလယ်တန်းအဆင့် Grade-9 မှ ကျောင်းသား၊ကျောင်းသူ (၁၇) ဦးတို့က မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေကြကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနပတ်ဝန်းကျင်၌ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယု ပြန်/ဆက်