မိုင်းပျဉ်း မတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၄−၂၀၂၅ပညာသင်နှစ် Grade-9 စာမေးပွဲနှင့် Grade-5 စာမေးပွဲများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းအသီးသီး၌ ယနေ့နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် Grade-9 စာမေးပွဲဖြေဆိုသူ ကျား ၇၉ ဦး၊ မ ၁၁၀ ဦး၊ စုစုပေါင်း ၁၈၉ ဦးနှင့် Grade-5 စာမေးပွဲဖြေဆိုသူ ကျား ၂၁၄ ဦး၊ မ ၃၃၄ ဦး၊ စုစုပေါင်း ၅၄၈ ဦး ဝင်ရောက်ဖြေဆိုကြပြီး၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် တာဝန်ကျ ဆရာ၊ဆရာမများက စနစ်တကျကြပ်မတ် စစ်ဆေးဆောင်ရွက်ပေးခြင်း၊ ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာမေးပွဲဖြေဆိုချိန်မှစ၍ ဖြေဆိုပြီးစီးသည့်အချိန်အထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့က လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး