မိုင်းဖြတ်မြို့နယ်၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဲပုပ်သီးထပ်စိုက်ပျိုးမှုမြှင့်တင်ခြင်း ကွင်းသရုပ်ပြသ

မိုင်းဖြတ် မတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲမျိုးစုံသီးနှံသုတေသနဌာနစုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းစီမံကိန်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက နမ့်ကုန်းကျေးရွာအုပ်စု၊ ဟောင်ဟင်ကျေးရွာ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ကျိုင်းတုံမြို့၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ  ဒေါ်ယဉ်ယဉ်မာက  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စပါးသီးနှံရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်း မြှင့်တင်မှုစီမံကိန်းအကြောင်း သိကြောင်းစရားများ၊ မြန်မာနိုင်ငံအတွင်း ပဲပုပ်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး အကျိုးအမြတ်ရရှိရေး၊ ဒေသအလိုက်သင့်လျော်သည့်  ပဲပုပ်မျိုးစိုက်ပျိုးရေး၊ ကွင်းအတွင်းစိုက်ပျိုးထားသည့် ပဲပုပ်သီးနှံအောင်မြင်ဖြစ်ထွန်းမှုအပေါ် စိုက်ပျိုးသည့်နည်းပညာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။  ယင်းနောက် တောင်သူများက သိလိုသည့်အချက်များကိုမေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

မိုင်းဖြတ်မြို့နယ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တောညု၊ အိုက်ငို့၊ နမ့်လန်းနှင့်နမ့်ကုန်းကျေးရွာအုပ်စုတွင် တောင်သူ(၂၄)ဦး၏ မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီး လယ်မြေ(၅၀)ဧကဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သန်းထွန်း​အေး(ပြန်/ဆက်)