ဟိုပုံးမြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်း (၇)မျိုး အခမဲ့ သင်ကြားပေး

ဟိုပုံး မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒေသနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း (၇)မျိုးကို ယနေ့နံနက်ပိုင်းမှစတင်ကာ အခမဲ့သင်ကြားပေးလျက်ရှိသည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ (၁)ရက်နေ့မှ မတ်လ (၂၀)ရက်နေ့အထိ နေ့စဉ် နံနက် (၇) နာရီမှ (၉)နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး မြို့မအားကစားကွင်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်းအားလည်းကောင်း၊ ကျောက်တိုင်ကွင်းတွင် ဘော်လီဘောအားလည်းကောင်း၊ သာသနာ့ဗိမာန်တွင် စားပွဲတင်တင်းနစ်အားလည်းကောင်း၊ ပေါင်လင်းစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် မြန်မာ့သိုင်း၊ ခရစ်ကတ်အားလည်းကောင်း၊ ထူးမြတ်အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တိုက်ကွမ်ဒိုအားကစားနည်းအားလည်းကောင်း သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျလေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)