ဟင်္သာတ မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဟင်္သာတမြို့နယ်အတွင်းရှိ အသက်(၂)လမှ (၅၉) လအရွယ် ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်းအစီအစဥ်ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကာကွယ်ဆေးတိုက်ကျွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာသို့ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းနှင့် အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် အဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးခြင်းအစီအစဥ်ကို (၂၆-၂-၂၀၂၅) ရက်နေ့မှစ၍ ၅ ရက်တာ ကာလတွင် မြို့နယ်အတွင်းရှိ ကလေး ၂၂၆၅၂ ဦးတို့အား သက်ဆိုင်ရာ စုရပ်များတွင် တိုက်ကျွေးမည်ဖြစ်ကြောင်း သိရပါသည်။
ခရိုင်(ပြန်/ဆက်)