သုံးခွ ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရေးနှင့် အသက်ရှည်စွာနေထိုင်နိုင်ရေးအတွက် ပိုလီယိုအစက်ချကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းဦးဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များမှ အသက်(၂)လမှ (၅)နှစ်အထိ ကလေးငယ်များအား စာရင်းရေးသွင်းပြီး ပိုလီယိုအစက်ချကာကွယ်ဆေး တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ပိုလီယိုအစက်ချကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်