အလုံမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာ၍ ပြောင်းရွှေ့ရောက်ရှိလာသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ဒုတိယအကြိမ်ပေးအပ်သည့် အခမ်းအနားကျင်းပ

အလုံ ဖေဖော်ဝါရီ ၂၈

အလုံခရိုင်၊ အလုံမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ဒုတိယအကြိမ်ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ ဟားခါးပညာရေးဒီဂရီကောလိပ် အ.ထ.က (၃) တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၁) ဒုတိယဗိုလ်မှူးကြီးဇော်၀င်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်တို့က ဟားခါးပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ (၂၀၉) ဦးနှင့် စောမြောက်ရပ်ကွက်မှ ပြည်သူ (၁၅) စုစုပေါင်း (၂၂၄) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ငွေကျပ် (၄၄၈၀၀၀၀) ကျပ်တိတိ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒေါ်ဌေးဌေး၀င်း၊ အဖွဲ့၀င်(၁) ဒုတိယဗိုလ်မှူးကြီးဇော်၀င်း၊ အဖွဲ့၀င် (၂) ဦးမျိုးသန့်၊ အဖွဲ့၀င် (၃) ဦးကျော်စိုးအောင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးခင်မောင်ဦး၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့၀င် (၁)‌ ဗိုလ်မှူးဌေးကြွယ်၊ အဖွဲ့၀င် (၂) ဦးအောင်စိုး၊ ဟားခါးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုစုမောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျန်ရှိ ရပ်ကွက်များကိုလည်း သတ်မှတ်‌နေ့ရက်များတွင် အသီးသီးဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယောဧရာ