ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပိုလီယိုရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းလုပ်ငန်းစတင်ဆောင်ရွက်

ဒဂုံမြောက် ဖေဖော်ဝါရီ   ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်‌၌ ပိုလီယိုရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အသက်ငါးနှစ်အောက် ကလေးများကိုတိုက်ကျွေးခြင်းလုပ်ငန်းကို အမှတ်(၃၅)ရပ်ကွက်၊ ဓမ္မာရုံနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတို့တွင် ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသက်ငါးနှစ်အောက်ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်းတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး()ခုတွင် ပိုလီယိုရောဂါအစက်ချကာကွယ်ဆေး တိုက်ကျွေးခြင်းကို တစ်လခြား၍ ()ကြိမ် တိုက်ကျွေးရမည်ဖြစ်သည်။  ပိုလီယိုကာကွယ်ဆေး နောက်ဆုံးကာကွယ်ဆေး တိုက်ကျွေးမှုကာလနှင့် (၂၈)ရက်ခြားပြီး ပိုလီယိုကာကွယ်ဆေးကို ရရှိပြီးသည်ဖြစ်စေ မရရှိသေးသည်ဖြစ်စေ ပိုလီယိုအစက်ချ ကာကွယ်ဆေးကိုတိုက်ကျွေးနိုင်ကြောင်းသိရသည်။

ပိုလီယိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခြင်းကို လျင်မြန်စွာ ကာကွယ်နိုင်ရန်အတွက် အရှိန်အဟုန်မြှင့် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေးလှုပ်ရှားမှုကို ရောဂါဖြစ်ပွားကူးစက်နိုင်ခြေများပြီး ရွှေ့ပြောင်းလူဦးရေများသည့် တိုင်းဒေသကြီး()ခုရှိ မြို့နယ်အားလုံးရှိ ပြည်သူ့ကျန်းမာရေးကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ