သံဖြူဇရပ်မြို့နယ်တွင် ​ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးအတွက် ကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ် ဖေ​ဖော်ဝါရီ ၂၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​​စေ​ရေး သံဖြူဇရပ်မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနဝန်ထမ်းများက ယ​နေ့နံနက်ပိုင်းက ကျုံကဒတ်​ကျေးရွာနှင့် ကွမ်သတ်​ကျေးရွာရှိစာကြည့်တိုက်သို့​သွားရောက်ကွင်းဆင်း​ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်း​ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးအရာရှိ​ဒေါ်​အေး​အေးသီကကျုံကဒတ်​ကျေးရွာ သုတကမ္ဘာစာကြည့်တိုက်၌ ​ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့် ပြည်သူများအား​တွေ့ဆုံပြီး ​ကျေးရွာစာကြည့်တိုက် ပြန်လည်ဖွံ့ဖြိုးတိုးတက်​စေ​ရေး ​စာကြည့်တိုက်ကော်မတီဝင်များပြန်လည်ဖွဲ့စည်း​​စေ​ရေး၊ ​ကျောင်းသားလူငယ်များနှင့်ပြည်သူများအသိပညာဗဟုသုတဖွံဖြိုးတိုးတက်ပြီး အတွေးအခေါ်မြင့်မားစေ​​ရေးအတွက် စာကြည့်တိုက်ကို အချိန်မှန်မှန်ဖွင့်လှစ်​နိုင်ရေး တက်ရောက်လာသူများမှ ဝိုင်းဝန်းပူး​ပေါင်း​ဆောင်ရွက်ကြ​စေ​ရေး​ပြောကြားပြီး တက်ရောက်လာသူများမှလည်း ​ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်​ရေးအတွက် အကြံပြု​ဆွေးနွေးခဲ့ကြသည်။

ထို့​နောက် ကွမ်သတ်​ကျေးရွာရှိ ​ရောင်ခြည်ဦးစာကြည့်တိုက်သို့သွား​ရောက်ပြီး ​ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်​တွေ့ဆုံ၍ ​ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်​စေ​ရေးအကြံပြု ဆွေးနွေး​ပြောကြားခဲ့​ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)