ရွှေပြည်သာမြို့နယ်၌ ပိုလီယိုရောဂါကာကွယ်ဆေးအရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်းအစီအစဉ်ဖွင့်ပွဲကျင်းပ

ရွှေပြည်သာ ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပိုလီယို(အရိုင်းပိုး)ကင်းစင်ပပျောက်ခြင်းအား ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရေးအတွက် ရွှေ့ပြောင်းလူဦးရေများပြားသည့်တိုင်းဒေသကြီး(၄)ခုရှိ အသက်(၂)လမှ(၅၉)လအရွယ်ကလေးများအားလုံး ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး)တိုက်ကျွေးခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အမှတ်(၁၀)ရပ်ကွက်ရှိ မိခင်နှင့်ကလေးမူကြိုကျောင်းနှင့် နံနက်(၁၀)နာရီကရွှေပြည်သာမြို့နယ်အမှတ်(၅)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနအမှတ်(၁)မူကြိုကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့က ကလေးငယ်များအားကျန်းမာရေးအသိပညာပေးဟောပြောကာ မူကြိုကလေး(၁၅၀)ဦးတို့အား ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး)တိုက်ကျွေးခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)