မိုင်းပျဉ်းမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး

မိုင်းပျဉ်း ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ကတ်များကို ယနေ့ မွန်းလွဲ (၁)နာရီမှစတင်၍ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

မိုင်းပျဉ်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ (၃၄)ဦးရှိပြီး (STEAMS-1) ဘာသာရပ်တွင် ကျား ၃ ဦး၊ မ ၁ ဦး၊ (STEAMS-2)ဘာသာရပ်တွင် ကျား ၅ ဦး၊ မ ၂၂ ဦး၊ (STAMS-1) ဘာသာရပ်တွင် ကျား ၃ ဦး၊  စုစုပေါင်း (၃၄) ဦးအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့ မွန်းလွှဲပိုင်းတွင် စတင်ထုတ်ပေးခဲ့ပြီး အဆိုပါ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇)ရက်နေ့မှ စတင်ကျင်းပဆောင်ရွက်သွားမည်ဖြစ်၍ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သည်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)