အလုံ ဖေဖော်ဝါရီ ၂၇
အလုံမြို့နယ်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်များအား ချပြရှင်းလင်းခြင်း၊ telecom fraud အမည်ဖြင့် လောင်းကစားများ အမည်မျိုးစုံပြန့်ပွားနေခြင်း၊ ဌာနဆိုင်ရာများမှ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား အချိန်မီပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာများအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများအား ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာဌာနများမှ ကောက်ခံလျက်ရှိသည့် အခွန်ငွေများ လျာထားချက် ပြည့်မီစွာ ကောက်ခံနိုင်ရေး၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့တင်ပြနိုင်ရေး၊ အုပ်ချုပ်ရေးမှူးများမှ လောင်းကစားများအား ဖမ်းဆီးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ မိမိတို့ရပ်ကွက်အတွင်း သေစာရင်းများအား သေချာစွာ စိစစ်၍ တင်ပြနိုင်ရေးကိစ္စများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းဆောင်ရွက်မှုများအား တင်ပြဆွေးနွေးခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ (ပြန်/ဆက်)