မိုးနဲ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် စိုက်ပျိုးရေးစွမ်းအား တိုးတက်မြင့်မားစေရေးအတွက် ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအား ပို့ချပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်က စိုက်ပျိုးရေးဆိုင်ရာ သင်တန်းလာရောက်ပို့ချပေးရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပြီး ပြည်နယ် မျိုးစေ့တာဝန်ခံနှင့် မြေအသုံးချရေးတာဝန်ခံတို့က သက်ဆိုင်ရာ သင်ခန်းစာများကို ရှင်းလင်းပိုချခဲ့ကြသည်။
ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ ပဲပုပ်အကွက်ကျယ် စံပြစိုက်ခင်းဧက (၁၀၀) ဆောင်ရွက်ပြီးစီးမှုနှင့် အောင်မြင်ဖြစ်ထွန်း နေမှုအား ကွင်းဆင်းကြည့်ရှုရာ မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)