(၅၉) ကြိမ်မြောက်မဟာသတိပဋ္ဌာန်း ဓမ္မသဘင်ညီလာခံ နှစ်ပတ်လည်အစည်းအဝေးကို ပင်လုံမြို့ ကမ္မဋ္ဌာန်းတိုက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ပင်လုံ ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်၊ မူလမင်းကွန်းဇေတဝန်သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်းတိုက်များ၏ (၅၉) ကြိမ်မြောက် မဟာသတိပဋ္ဌာန် ဓမ္မသဘင်ညီလာခံ နှစ်ပတ်လည်အစည်းအဝေးနှင့် ပင်လုံမြို့ ၊ပန်မုန့် ကမ္မဋ္ဌာန်းတိုက်၏ ရွှေရတုအထိမ်းအမှတ်ပွဲတော်ကို မတ်လ ၂ ရက်မှ ၆ ရက်နေ့အထိ ပင်လုံ ကမ္မဌာန်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

ပဋိပတ္တိသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့တိုးတက်ထွန်းကားစေရေး၊ မဟာသတိပဋ္ဌာန် (၄) ပါး အပ္ပမာဒ တရားတော်မြတ်ကို ကျင့်ကြံအားထုတ်သော ယောဂီပုဂ္ဂိုလ်များ တိုးပွားလာစေရေး၊ ကမ္မဌာနစရိယ တရားပြဆရာများ တစ်နှစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးတိုင်ပင်နိုင်ရေးနှင့် တစ်နှစ်တာအတွက် မိမိတို့တာဝန်ကျရာ တိုက်တာအလိုက်တွေ့ကြုံရသည့် အတွေ့အကြုံတိုးတက်မှု ရှိစေရန်အတွက် မည်သို့ပြုပြင်သင့်သည်ကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းပြီး သံဃာတော်များ၏ ဆန္ဒသဘောတူ ဆုံးဖြတ်ချက်အတိုင်း အတည်ပြုသွားနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့်  (၅၉)ကြိမ် မြောက် မဟာသတိပဋ္ဌာန် ဓမ္မသဘင်ညီလာခံ နှစ်ပတ်လည်အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မုလမင်းကွန်းဇေတဝန်သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်းတိုက်များ၏ (၅၉)ကြိမ်မြောက် မဟာသတိပဋ္ဌာန် ဓမ္မသဘင်ညီလာခံ နှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာနိုင်ငံအတွင်းရှိ ကမ္မဋ္ဌာန်းတိုက် (၃၇) တိုက်မှ  ကမ္မဌာနာစရိယတရားပြဆရာများ၊ ပဋိပတ္တိသာသနာနုဂ္ဂဟအဖွဲ့များ၊ ရပ်နီးရပ်ဝေးမှ ဓမ္မမိတ်ဆွေများ တက်ရောက်ကြမည်ဖြစ်သည်။

လွိုင်လင်မိုး