မိုင်းယောင်း ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြိုန့ယ်တွင် ယမန်နေ့က ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဝမ်ဖြိုကျေးရွာတွင် ငါးလုပ်ငန်းဦးစီးဌာန၏ မြစိမ်းရောင်အတိုးရငွေ သိန်း (၆၀) ဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလျား ၁၄၀၊ အနံ ၉ ပေ၊ အမြင့် ၆ လက်မ ရှိသော အဆိုပါ ကွန်ကရစ်လမ်းသစ်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦိးစိုးသက်ဆွေနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများ စုစုပေါင်း အင်အား (၅၄) ဦး တက်ရောက်ခဲ့ကြပြီး ကွန်ကရစ်လမ်းအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)