ဆီဆိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၂၇၉) ဦး ဝင်ရောက်ဖြေဆိုမည်

ဆီဆိုင် ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၇၉) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲအား မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ဆီဆိုင်)၊ အ.ထ.က(ဆိုက်ခေါင်)၊ အ.ထ.က(ဘန်းယဉ်) စသည့်စာစစ်ဌာနသုံးခုကျင်းပမည်ဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၂) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေ (၂၇၁) ဦး၊ ပြင်ပဖြေ (၈) ဦး၊ စုစုပေါင်း (၂၇၉) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)