လွိုင်လင် ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ မူလတန်းကြိုကျောင်းခန်းမတွင် “အမျိုးသမီးများ အာဟာရနှင့်စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာကိုမြှင့်တင်စေခြင်းနှင့် မြန်မာနိုင်ငံတွင်ရှိသည့် မတူညီကွဲပြားနေသည့် အရာတွေတွင် လူသားချင်းစာနာထောက်ထားသည့် ဖွံ့ဖြိုးရေး မိတ်ဖက်တွေအတွက် အသုံးပြုနိုင်စေရန်” ရည်ရွယ်၍ အဆိုပါ သင်တန်းဖွင့်ပွဲအား ယနေ့နံနက်ပိုင်းကျင်းပပြုလုပ်ရာ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။
ဆက်လက်၍ သင်တန်းအား တာဝန်ရှိနည်းပြ ဆရာမများမှ သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်တန်းအား ဆက်လက်ပို့ချခဲ့ကြသည်။ အဆိုပါ သင်တန်းတို့ ခရိုင်၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂) ရက် ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အယ်မင်း (လွိုင်လင်)