တန့်ယန်း ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅)ဖြင့် ချီးမြှင့်ဆက်ကပ်ခြင်းခံရသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကြီးတစ်ပါးနှင့် သဒ္ဓမ္မဇောတိကဓဇ ဆရာတော်တစ်ပါးတို့အား ကြိုဆိုပင့်ဆောင်နိုင်ရေးနှင့် ထပ်ဆင်ဂုဏ်ပြုပွဲ ကျင်းပရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောလိယထံမှ ဩဝါဒကထာ နာယူခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပည့်ဒါယကာများ၊ ဂေါပကအဖွဲ့များမှ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)