မက်မန်း ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မက်မန်းမြို့နယ်အတွင်း မွေးမြူရေးနှင့်ပတ်သက်သည့် စည်းရုံးဟောပြောပွဲများဆောင်ရွက်ရန်၊ ကြက်လည်လိမ်ကာကွယ်ဆေးများ သတ်မှတ်အချိန်ကာလအတွင်း ရရှိဆောင်ရွက်ရန်၊ Fire Hotspot ပါဝင်သည့် ဌာနများအနေဖြင့် မိမိနယ်မြေအတွင်း ဖြစ်စဉ်များဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ကွင်းဆင်းဆောင်ရွက်ရန်၊ လာမည့်အပတ် စနေနေ့တွင် ဗိုလ်ချုပ်လမ်းနှင့် မြို့ရှောင်လမ်း ဆက်သွယ်ထားသည့် လမ်းအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်နှင့် (၃၅)နှစ်မြောက် မင်းရန်အောင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖက်ပူဇော်ပွဲတော်အား အောင်မြင်စွာကျင်းပနိုင်ရေး ပူပေါင်းဆောင်ရွက်ရန် စသည့်အချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြားခဲ့မှုအပေါ် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြဆွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အေဇက်ထွန်း(မက်မန်း)