ဒဂုံတောင် ဖေဖေါ်ဝါရီ ၂၇
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖေါ်ဝါရီ (၂၅) နေ့နံနက် ၈ နာရီအချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စိုက်ပျိုးမွေးမြူရေး အမှတ် (၁) ရပ်ကွက်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာ ဒုတိယမြို့တော်ဝန်က ဘုရင့်နောင်လမ်းရှိ ကျူးကျော်အဆောက်အဦနှင့် အမိုးအဖီအဆွယ်များ ဖယ်ရှားရှင်းလင်းထားမှု၊ ရေစီးရေလာကောင်းမွန်ရေး စက်ယန္တယားများဖြင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း စစ်ဆေးခြင်း၊ City Mall တည်ဆောက်နေမှု ဧရိယာအတွင်း ပန်းဥယျာဉ်ဌာနမှ စိုက်ပျိုးထားသသစ်ပင်များအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။
သန်းသန်းအေး