မရမ်းကုန်း ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ကမ္ဘောဇ သီလရှင်စာသင်တိုက်ရှိ သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀:၀၀ နာရီအချိန်က အဆိုပါ သီလရှင်ကျောင်း၌ ပြုလုပ် လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်များဖြစ်သည့် ဦးမျိုးအောင်ဌေး(တိုင်းအုပ်ချုပ်ရေးမှူးငြိမ်း)နှင့် ဇနီးသုဓမ္မသိင်္ဂီ ဒေါ်အေးအေးမြင့် မိသားစုမှ ဆွမ်းနဝကမ္မ အလှူငွေ(၅)သိန်းကျပ် ၊ ဦးစိုးစိုးဇော် (ရန်ကုန်တိုင်းအုပ်ချုပ်ရေးမှူး) နှင့်ဇနီး ဒေါ်နန်းချိုချိုပြုံး မိသားစုမှ ဆွမ်းဆန်(၅)အိတ်၊ အနောက်ပိုင်းခရိုင် မိခင်နှင့်ကလေး ဥက္ကဋ္ဌမှ လှူဖွယ်ခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် ဇနီးဒေါ်သောင်းခင် မိသားစုမှ သစ်သီးခြင်း၊ ဆီ(၁၂)ပိဿာ၊ ကြက်သွန်နီ(၃၀) ပိဿာ၊ ငါးသေတ္တာ ဗူးသေး (၁၀၀)ဗူး ၊ Mask(၁၀၀၀)ခု၊ Face shields (၅၀)ခု၊ လက်သန့်ဆေးရည်နှင့် ခေါက်ဆွဲခြောက်များ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)