မှော်ဘီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ပေးအပ်

မှော်ဘီ ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ပေးအပ်ပွဲကို ယမန်နေ့က အမှတ် (၁) ရပ်ကွက်၊ ကျောင်းကြီးတိုက်ကျောင်းနှင်တပ်ကြီးကုန်း၌ စစ်ဘေးရှောင်ပြည်သူများအား ပေးအပ်ခဲ့ကြောင်း သိသည်။

ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်ဦးဆောင်၍ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါစစ်ဘေးရှောင်နေသော ရပ်ကွက်များသို့အဖွဲ့ (၅) ဖွဲ့ခွဲ၍ ပေးအပ်ခြင်းဖြစ်ရာ အဖွဲ့(၁)အဖွဲ့သည် အမှတ်(၁)ရပ်ကွက်ရှိ အနောက်ကျောင်းကြီးတိုက်၊ တပ်ကြီးကုန်း၊ သန္ဒေပင်၊ ဆတ်သွားတောအစရှိသော ကျေးရွာများသို့ ထောက်ပံ့ရန်အတွက် အဖွဲ့ခွဲကာ သွားရောက်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့ နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးခင်ဦး၊ မြို့နယ်သစ်တောဦးစီး ဦးသန့်ဇင်ကျော်၊ မြို့နယ်ထွေအုပ်ဒုဦးစီးဒေါ်သဲနု၊ မှော်ဘီမြို့နယ်​(ပြန်/ဆက်) ဒုဦးစီး ဒေါ်လှလှထွေးနှင့် မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မှော်ဘီမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် အိမ်ထောင်စု(၂၁၇)စု ဝန်ထမ်းနှင့် ပြည်သူ(၈၃၄)ဦး စုစုပေါင်း(၈၃၄)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၁၆၆၈၀၀၀၀)တို့ကို ဌာနဆိုင်ရာများပါဝင်သော အဖွဲ့(၁)အဖွဲ့တို့က ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)