မော်လမြိုင် ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက PRO 1 အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ရှိဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာ၊ ဗဟုသုတများတိုးပွားစေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော ခြင်း၊ လက်တွေ့သရုပ်ပြခြင်းများကို ယမန်နေ့က PRO 1 အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးစိုးကျော်သူကဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ၊ မီးဘေးအန္တရာယ်တွေ့ကြုံလာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ဆေးဘူးအသုံးပြုနည်း စသည်တို့ကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် မော်လမြိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းနှင့် မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြလေ့ကျင့်ပေးရာ PRO 1 အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ရှိ ဝန်ထမ်းများက စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)