အလုံမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောပွဲနှင့် သရုပ်ပြသခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၆

အလုံမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌‌ရေး ဟောပြောပွဲနှင့် သရုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီအချိန်ခန့်က စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲ‌‌ကျော်စွာလမ်း၊ ဟားခါးပညာရေးဒီဂရီကောလိပ် (အ.ထ.က-၃) ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံမှ မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်‌ဆောင်ရွက်ရမည့် အချက်များ၊ မီးသတိမူရေးနှင့် အရေးပေါ်ဖြစ်ပွားချိန်တို့တွင် ဆောင်ရွက်ရမည့် အချက်များနှင့် မီးငြှိမ်းသတ်နိုင်စေရေးတို့ကို ဟောပြောခဲ့ပြီး မီးငြှိမ်းသတ်မှုအခြေအနေတို့အား လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို၊ ဟားခါးပညာရေးဒီဂရီကောလိပ်မှ‌ ကျောင်းအုပ်ဆရာမကြီးနှင့် ၀န်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ တာ၀န်ရှိသူများ စုစုပေါင်းအင်အား(၁၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)