ရန်ကုန် ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းနှင့် လေ့ကျင့်ရေးအထက်တန်းကျောင်း (တီတီစီ) ကျောင်းများ၌ လျှပ်စစ်မီးသုံးစွဲမှု၊ မီးသတ်ဆေးဘူးများ ထားရှိမှုနှင့် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၊ သတိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာသို့ ကမာရွတ်မြို့နယ် ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှုး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရးမှူး၊ မြို့နယ်လျှပ်စစ်၀န်ထမ်းများ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)