မင်္ဂလာဒုံ ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။
ဦးစွာမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာသိမ်းမှ သမဝါယမလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာနှစ်အတွက် အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်တမ်းတို့ကို ဖတ်ကြားအတည်ပြုချက်ရယူပြီး အစုပေါ်အမြတ်ငွေ ၇၃၂၇၁၀ ကျပ်ကို အသင်းဝင်အသင်းသားများထံ အစုတိုးမြှင့်ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)