သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဝန်ထမ်းများစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အဖွင့်အမှာစကားပြောကြားရာ ယခုလို ဝန်ထမ်းများအား အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ရခြင်းကြောင့် ဝန်ထမ်းများ ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီး လုပ်ငန်းစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယခုလိုသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းအတွင်းရှိ သင်တန်းသား သင်တန်းသူ(၁၃)ဦး တက်ရောက်ခဲ့ကြပြီး နည်းပြများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၃)ရက်ဖြစ်ပြီး စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
သိန်းအောင် (ပြန်/ဆက်)