ဒဂုံအရှေ့ ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၄)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ လဝကမှူးဒေါ်အေးအေးအောင်နှင့်၀န်ထမ်းများက အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အသက်(၁၆-၁၈)ကြား၊ ၁၈ နှစ်အထက်နှင့် အမျိုးသားမှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူများ၊ အိမ်ထောင်စုမရှိဘဲ ပုံစံအလွတ်ဖြင့် ကောက်ယူလာသူများ(ယာယီအိမ်ထောင်စု)ထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ